နေပြည်တော် အောက်တိုဘာလ၂
မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် PKS
Unisza Open 2016 နှင့် 3rd National Circuit ပြိုင်ပွဲတွင် မြန်မာမြားပစ် အားကစားအဖွဲ့ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ
(၂.၁၀.၂၀၁၆) ရက်နေ့ ပြိုင်ပွဲများအပြီးတွင် မြန်မာမြားပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်
(၂) ခုနှင့် ငွေတံဆိပ်(၁)ခုဆွတ်ခူးရရှိကာ တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာ့မြားပစ်အသင်းအတွက်
ဆုတံဆိပ်များကို Mix Team မှ ထိုက်လင်းဦးနှင့် စန်းယုထွေးတို့အတွဲက မလေးရှား Mix
Team အား (၆-၀)၊ (၃) ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမရွှေတံဆိပ်(၁)ခု၊ စန်းယုထွေးမှ Recurve
တစ်ဦးချင်း မြား(၇၂) ချောင်း အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် တစ်ဦးချင်း
ရှုံး/ထွက်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု ရယူပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်
မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဆော်ဒီအာရေးဗီးယားနှင့် မလေးရှား နိုင်ငံတို့မှ
မြားပစ်ကလပ် အသင်းပေါင်း (၅၂) သင်းတို့မှ Compound အမျိုးသမီး(၄၅)ဦး၊ အမျိုးသား (၉၁)ဦး၊
Recurve အမျိုးသမီး (၇၀)ဦး၊ အမျိုးသား (၁၀၂) ဦး၊ စုစုပေါင်းမြားပစ်ကစားသမား (၃၀၈) ဦး
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင့် အရှေ့တောင်အာရှ အတွင်း ပြိုင်ပွဲဝင်ဦးရေ အများဆုံးဝင်ရောက်
ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းမှ တတိယ နေရာတွင်
ရပ်တည်နိုင်ခဲ့ပြီး ဆုဖလားနှင့် (RM 500) ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment