Friday, October 28, 2016

ခေါင်းဆောင်မှု စည်းရုံးလှုံ့ဆော်မှုနှင့် ပံ့ပိုးကူညီနိုင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ ကျင်းပ


သံတောင်ကြီး - အောက်တိုဘာ-၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် သက်ကြီးရွယ်အိုကူညီစောင့်ရှောက်ရေးအသင်းအဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သော ခေါင်းဆောင်မှု စည်းရုံးလှုံ့ဆော်မှုနှင့် ပံ့ပိုးကူညီနိုင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၇)ရက်နေ့က သံတောင်ကြီးမြို့၊ Zion နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။



အဆိုပါသင်တန်းအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာစေတနာ့ဝန်ထမ်းများ၏ အရေးပါမှုနှင့် အခန်းကဏ္ဍကို သိရှိလာစေရန်၊ စီမံကိန်း ပြီးစီးသွားသောအခါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကော်မတီနှင့် အတူ ဦးဆောင်ပံ့ပိုး ကူညီပေးနိုင်စေရန် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်စေရန်အတွက် ခေါင်းဆောင်မှုစည်းရုံး လှုံ့ဆော်မှုနှင့် ပံ့ပိုးကူညီမှုစွမ်းရည်များ ခွဲခြားသိရှိ၍ လက်တွေ့ပြန်လည် အသုံးချလာတတ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

သင်တန်းတွင် ကရင်ပြည်နယ်အတွင်းရှိ ဖာပွန်၊ ကော့ ကရိတ်၊ သံတောင်ကြီးမြို့နယ်တို့မှ သင်တန်းသား/သူ(၈၇)ဦး တက်ရောက်ကြပြီး သင်တန်းကာမှာ အောက်တိုဘာ(၂၆)ရက်နေ့မှ(၂၇)ရက်နေ့ထိ ပို့ချခဲ့ကြောင်း သတင်းရရှိသည်။


မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment