Friday, October 28, 2016

သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိ အခမဲ့ စမ်းသပ်ကုသမှုများ ဆောင်ရွက်

သဲကုန်း အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့ သီတဂူရွှေဥ ရာစုသစ် စက္ခုဒါန ဆေးရုံတော်ကြီးတွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ပဉ္စမအကြိမ်မျက်စိစမ်းသပ် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ရန် စစ်ကိုင်မြို့ သီတဂူစက္ခုဒါနဆေးရုံမှ
ဒေါက်တာအရှင်သေဌိလ ဆရာတော်ကြီးနှင့် ဒေါက်တာမိမိခင် (သီတဂူအာယုဒါနဆေးရုံခွဲစိတ်ဆရာဝန်)နှင့် သူနာပြုများ အောက်တိုဘာ ၂၇ ရက်၊ ညနေပိုင်းတွင် ရောက်ရှိလာပြီး ယခင်နှစ်မှ ခွဲစိတ်ရန် ကျန်ရှိသော မျက်စိလူနာ(၁၁၁)ဦး အနက်မှ လူနာ(၆၀)ဦးအား စမ်းသပ်စစ်ဆေးခဲ့ပြီး၊ အောက်တိုဘာ ၂၈ရက်မှ၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ မျက်စိဝေဒနာရှင်အသစ်များ လက်ခံပြီး၊ စမ်းသပ်ခွဲစိတ်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်-ပြန်/ဆက်

No comments:

Post a Comment