Monday, October 31, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ချက် သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr.Jan Mla’dek နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မြှင့်တင် ရေး ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment