Sunday, October 2, 2016

အာဆီယံပါလီမန်များ အထွေထွေညီလာခံဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း (၃၇) ကြိမ်မြောက် အာဆီယံပါလီမန် ကိုယ်စားလှယ်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် အောက်တိုဘာ ၂
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အာဆီယံပါလီမန် ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ည ၇ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ Banquet Hall ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အာဆီယံပါလီမန်များမှ ကိုယ်စားလှယ်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက် ကြသည်။

အခမ်းအနားတွင် အာဆီယံပါလီမန်များ အထွေထွေညီလာခံဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ထို့နောက် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့် အတူတကွ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက န၀ရတ် ကိုးသွယ်လှများခြယ်ယိမ်းအက၊ ခေတ် ၃ ခေတ်ယိမ်းအက၊ ပတ္တလား အတီး၊ မင်းသားလတ်ယိမ်းအက၊ ဒုံးယိမ်းအက၊ ကုဏ္ဍာလာအိုင်နန်းတွင်း ယိမ်းအက၊ ဆီမီးယိမ်းအက၊ WE ARE ASEAN အက၊ အာဆီယံစုပေါင်း ယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံပါလီမန်များ ကိုယ်စားလှယ်အဖွဲ့မှလည်း သက်ဆိုင်ရာ နိုင်ငံများ၏ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 

No comments:

Post a Comment