Sunday, October 2, 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ AIPA တက်ရောက်လာသည့် ပါလီမန်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ နေပြည်တော်တစ်ဝိုက် ဆက်လက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၂
(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ တက်ရောက်လာသည့် IPU အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံပါလီမန်များမှ ဒုတိယဥက္ကဋ္ဌ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် အမျိုးသားပြတိုက်ရှိ သမိုင်းမတင်မီခေတ်မှစ၍ ပျူခေတ်၊ ပုဂံခေတ် ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြခန်းများကို ကြည့်ရှုကြပြီး ဥပ္ပါတသန္တိစေတီတော်ကို ဖူးမြော်ကြသည်။


ထို့နောက် ပါလီမန်လေ့လာရေးအဖွဲ့သည် နေပြည်တော်ဖိုးစောင်းတောင်ပေါ်ရှိ Mount Pleasant တောင်ထိပ်မှ နေပြည်တော်ရှုခင်းများကို ကြည့်ရှုကြသည်။  

No comments:

Post a Comment