Thursday, October 13, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားဧည့်သည်များအား သီးခြားစီတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ လူဇင်ဘတ်နိုင်ငံ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီး၊ သြစတြီးယား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ရေးရာနှင့် အရေးပေါ်ကယ်ဆယ် ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူး ဒုတိယ အတွင်းရေးမှူးချုပ်တို့နှင့် ယနေ့တွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။


နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Bert Koenders နှင့် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးနှင့် ဘက်စုံ ရေအရင်းအမြစ် စီမံခန့်ခွဲမှု ကဏ္ဍ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။

လူဇင်ဘတ်နိုင်ငံ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး H. E. Mr. Jean ASSELBORN နှင့် ယနေ့ နံနက် ၁၁ နာရီတွင် တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

သြစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr. Michael Linhart နှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ရေးရာနှင့် အရေးပေါ်ကယ် ဆယ်ရေး ဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးမှူး ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ စတီဗင် အို ဘရိုင်ယန်နှင့် ယနေ့ ညနေ ၃ နာရီတွင် တွေ့ဆုံစဉ် မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနေမှု ကိစ္စများ၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment