Wednesday, October 26, 2016

ကော့ကပ်ကြီး ကျေးရွာချင်းဆက် တံတား ကွင်းဆင်း တိုင်းတာခြင်း ဆောင်ရွက်



ဇလွန်  အောက်တိုဘာ  ၂၅
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကော့ကပ်ကြီးကျေးရွာရှိ ကော့ကပ်ကြီးချောင်းနှင့် ဆက်သွယ် သွားလာနိုင်သော ကျေးရွာများရှိ လမ်းများ ကောင်းမွန်လာပါက ဒေသခံပြည်သူများအတွက် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးများတွင် ပိုမိုအဆင်ပြေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန် လျာထားချက် အခြေအနေများအပေါ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ (၂) ဒေါ်သင်းလဲ့ဖြိုးနှင့် ဒေါ်စုရတနာသိန်းတို့ ဦးဆောင်သော အဖွဲ့သည် အောက်တိုဘာ (၂၄)ရက် နေ့လယ်ပိုင်းက ကော့ကပ်ကြီးကျေးရွာသို့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။



ကော့ကပ်ကြီးကျေးရွာ၊ ကော့ကပ်ကြီးချောင်း၏ Geo data နှင့် Hyd data များအား ကွင်းဆင်းတိုင်းတာ စစ်ဆေးရာ အဆိုပါတံတားသည် ကေသီပန်တိုင်းရင်းဆေးမိသားစု (၂၀၀၀)ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းထားသည့် အရှည်(၁၀၁’) အကျယ် ( ၁၁’ )ရှိသော ကွန်ကရစ်တံတားသည် ယခုအခါ ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် (၁၆၀’ × ၁၄’ × ၁၉’ ) ကွန်ကရစ် တံတား ဆောင်ရွက်ပေးရန် လျာထားခြင်းဖြစ်ပြီး အဆိုပါ တံတားသည် သန်း (၃၂၀)ကျပ် ကုန်ကျမည်ဖြစ်သည်။ အဆိုပါ တံတားပြီးပါက ကျေးရွာ(၁၂)ရွာ၊ အိမ်ခြေ (၅၃၂၆)အိမ်နှင့် ကော့ကပ်ကြီးကျေးရွာ ၊ အ.ထ.ကကျောင်း ၊ မူလတန်းကျောင်း (၅)ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းရှိပြီး ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အကျိုးပြုသော တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment