Thursday, October 27, 2016

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိ

တောင်ပြိုလက်ဝဲ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့တွင် ရောက်ရှိပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် နေ့လယ်(၁) နာရီခွဲအချိန်ခန့်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်ပူပင်မှု မဖြစ်စေရန်နှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး စည်းလုံး နေထိုင်ကြစေ လိုကြောင်း ပြောကြားသည်။ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ရခိုင်ပြည်နယ် အနောက်ပိုင်းဒေသ တစ်ခုဖြစ်သော မောင်တော၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲ မြို့နယ်များသို့ နယ်မြေဒေသ လုံခြုံရေးများကို တိုးမြှင့်ချထားပေးလျှက်ရှိပါကြောင်းနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ အနေဖြင့် အလွန်အမင်း စိုးရိမ်မှုများ မဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ဒေသခံ တိုင်းရင်းသားများမှ တင်ပြဆွေးနွေး လိုသည်များကို အသီးသီး တင်ပြဆွေးနွေးကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ ဖြည့်ဆည်း ဆောင်ရွက် အားပေးခဲ့ပြီး ဒေသခံ ပြည်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းဝင်း (ပြန်/ဆက်)

No comments:

Post a Comment