Friday, October 21, 2016

စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေး


နေပြည်တော်   အောက်တိုဘာ ၂၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက် ၉ နာရီတွင် နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စတူနယ်တီးနပ်စ်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်မှ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment