Thursday, October 20, 2016

ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော်  အောက်တိုဘာလ ၁၉ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းသည် အောက်တိုဘာ၊ (၁၄)ရက် နံနက် (၇)နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မြို့နယ် ရွာသစ်ရပ်ကွက် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) အ-လ-က(၁) ၌ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ မြို့နယ်-ရပ်ကွက်-ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။

           
ထို့နောက် တက်ရောက်လာသော မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော် ဆောင်မှ စာသင်ကျောင်းအတွက် လိုအပ်ချက်များနှင့် ပညာသင်ကြားပေးနေမှု အခြေအနေများ၊ ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး  စာသင်ကျောင်းအတွက် အလှူငွေများအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်သည်။

ဆက်လက်၍ အရှည်ပေ ၁၂၀၀ ရှိသော ရွာသစ်ရပ်ကွက် နှင့် သော်က ရပ်ကွက်တို့၏ ရပ်ကွက်ချင်း ဆက်လမ်းအား ကြည့်ရှုစစ်ဆေးပြီး မြေသားလမ်းမှ ကွန်ကရစ် လမ်းအဖြစ် ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။


၎င်းမှတဆင့် ဝါးခယ်မမြို့နယ် ထော်ကနွတ်ရေတံခါးသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် ဧရာဝတီ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဖြိုးမြင့် က ထော်ကနွတ် ရေတံခါးမှ စိုက်ကွင်းများသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ ရွှေလောင်းကျွန်းတာ အတွင်းရှိ ရေတံခါးနှင့် ရေနုတ်မြောင်းများ ဆောင်ရွက်နေမှုများအား အသေးစိတ် ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက အချိန်ကာလရှည်ကြာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ဆည်မြောင်း တာတမံများ တိမ်ကောလာမှုတွင် ရွှေလောင်းကျွန်း တာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး နုံးမြေများ တိုးလာခြင်းကြောင့် တာများ၊ ရေနုတ်မြောင်းများ၊ တိမ်ကောလာခြင်းအပေါ် ပြုပြင်မှုစီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တောင်သူများ၏ လိုအပ်ချက်အား သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ် ညှိနှိုင်းပြီး လိုအပ်သည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေး အခက်အခဲရှိသော ဒေသများတွင် ရေအနည်းလိုသီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ ငရုတ် စသော တောင်သူအကျိုးအမြတ်များသည့် သီးနှံများ စိုက်ပျိုးနိုင်ရေးတို့ကို တာဝန်ရှိသူများက ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။ 

No comments:

Post a Comment