Saturday, October 15, 2016

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ဖော်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ဖော်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီ(၄၅)မိနစ်အထိ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုဝန်ကြီးများသွားရောက်ခဲ့သည့် ခရီးစဉ် အတွေ့အကြုံများ၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်သင့်သည် များကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊  ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment