Thursday, October 13, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၂

ငြိမ်းချမ်းရေးရယူရမည့် အဖွဲ့အစည်းများ အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ်နှင့် ဒီမိုကရေစီ၏ သဘောသဘာဝများကို သိရှိနားလည်မှုရှိရန် လိုအပ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ်ရှိရေး ကိုသာ မျှော်မှန်းပါကြောင်း၊


ယင်းစိတ်ရှိပါက မလွဲမသွေ အောင်မြင်မှု ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်နေမှု၊ နော်ဝေနိုင်ငံမှ ပါဝင်ကူညီ ဆောင် ရွက်နေမှုနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များအား စိတ်ရှည်စွာဖြင့် အချိန်ယူ လုပ်ဆောင်နေရသည့် အခြေအနေများ၊ ၂၀၁၇ ခုနှစ်တွင် ကျင်းပ မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် NCA အပေါ် အခြေခံပြီး ပါဝင်လုပ်ဆောင်ရန် လိုအပ်မှုနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အညီ SSR၊ DDR လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေ များအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

No comments:

Post a Comment