Saturday, October 1, 2016

(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ AIPA တက်ရောက်သည့် ပါလီမန် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ နေပြည်တော်ရှိ လွှတ်တော်နှင့် ပြတိုက်များသို့ လေ့လာ


နေပြည်တော် အောက်တိုဘာ ၁
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံတက်ရောက်သည့် ပါလီမန်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည်  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများကို  ကြည့်ရှုလေ့လာပြီး 
မြန်မာ့ ကျောက်မျက်ရတနာပြတိုက်  အရောင်းခန်းမအတွင်းရှိ ပြခန်းများ၊  မြန်မာ့ကျောက်မျက် ရတနာများ၊ ပုလဲနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများကို လှည့်လည်ကြည့်ရှုကာ ကျောက်ရတနာများ   အမှတ်တရ ဝယ်ယူအားပေးကြသည်။
(၃၇)ကြိမ် မြောက်အာဆီယံပါလီမန်များ အထွေထွေညီလာခံတက်ရောက်သည့် ဒုဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တစ်ချို့သည် နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ချစ်ကြည်ရေးဂေါက်သီးရိုက်ကစားကြပြီး မနက်ဖြန်တွင်လည်း နေပြည်တော်တစ်ခွင် ဆက်လက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment