Saturday, September 17, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နယူးယောက်မြို့သို့ ရောက်ရှိ



နယူးယောက် စက်တင်ဘာ ၁၇
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ၀ါရှင်တန်မြို့ Union Station မှ မီးရထားဖြင့် ထွက်ခွာခဲ့ပြီး နယူးယောက်မြို့သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင်  ရောက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့အား နယူးယောက်မြို့ Penn Station ၌ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် တာဝန် ရှိသူများက ကြိုဆိုကြသည်။

No comments:

Post a Comment