Tuesday, September 27, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်ရေးရာ အထူးသံတမန် Mr. Henk Ovink နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်ရေးရာ အထူး သံတမန် Mr. Henk Ovink   နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဘက်စုံရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့  ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်း၊ ဦးကျော်မျိုးနှင့် တာဝန်ရှိသူ များတက်ရောက်ကြသည်။

No comments:

Post a Comment