Tuesday, September 27, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စတာ ကောင်းရှန်ခွင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ကောင်းရှန်ခွင် နှင့် အဖွဲ့အား ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ တစ်လျှောက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီး ရေး၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြပြီး ဧည့်သည်တော် ၀န်ကြီးက နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား တရုတ်နိုင်ငံသို့ချစ်ကြည်ရေးလာရောက် လည်ပတ်နိုင်ပါရန် တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်က ဖိတ်ကြားလိုက်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

No comments:

Post a Comment