Saturday, September 17, 2016

MNDAA လက်နက်ကိုင် အဖွဲ့မှ လောက်ကိုင် မြို့တွင်းသို့ ဒုံးပစ် လောင်ချာဖြင့် ပစ်ခတ်



နေပြည်တော်  စက်တင်ဘာ - ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၏ မြောက်ဘက် အစွန်၌ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီ ၅ မိနစ်ခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။





ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် ယခင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်၏ နေအိမ်ဖြစ်ပြီး နေအိမ် အရှေ့ မြောက်ဘက် အမိုး  ပျက်စီးကာ  အပျက်အစီး နေရာတစ်ဝိုက်မှ ဒုံးသီး သံထည် အပိုင်းအစ ၅ ခု အား သိမ်းဆည်းရမိခဲ့ပြီး  ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းခဲ့ရာ   ပစ်ခတ်သည့် နေရာမှာ လောက်ကိုင်မြို့၏ အနောက် မြောက်ဘက် ၁ မိုင်ခန့် အကွာ ကုန်းစောင်းနေရာ တစ်ဝိုက်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ရှိရသော ဒုံးသီး အပိုင်းအစများအား စိစစ်ချက်အရ MNDAA  သောင်းကျန်းသူများ အသုံးပြုသည့် တစ်ဖက်နိုင်ငံလုပ် ၁၀၇ မမ ဒုံးပစ် လောင်ချာ အစိတ်အပိုင်းများ ဖြစ်ပြီး အဆိုပါ ဒုံးသီးသည် အကွာအဝေး ၅ မိုင်ခန့် အထိ ပစ်ခတ် နိုင်ကြောင်း သိရှိရသည်။
တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲ ခန့်တွင် လောက်ကိုင်မြို့၏ အနောက် မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ တောင်ကြော တစ်ဝိုက်၌ မသင်္ကာဖွယ်ရာ အိတ်များ တွေ့ရှိရကြောင်း သတင်းအရ သွားရောက် ရှင်းလင်းခဲ့ရာ တစ်ဖက် နိုင်ငံလုပ် ညကြည့်မှန်ပြောင်း ၁ ခုနှင့် ၁၀၇ မမဒုံးသီး ပြောင်းပါ ၁၈ လုံး၊ ပြောင်းမပါ ၄ လုံး၊ စုစုပေါင်း ၂၂ လုံးတို့ကို လျှပ်စစ် ဝါယာကြိုးများဖြင့် သွယ်တန်း ထားကာ ဒစ်ဂျစ်တယ် အချိန်ထိန်း ကိရိယာဖြင့် တပ်ဆင်ထားပြီး လောက်ကိုင်မြို့၏ အဓိကနေရာများအား တစ်ပြိုင်တည်း ပစ်ခတ်ရန် ချိန်ရွယ် ထားကြောင်း တွေ့ရှိရသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် တစ်ဝိုက်အား  နယ်မြေခံ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment