Thursday, September 15, 2016

ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းအား ထိုင်းနိုင်ငံ သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီး H.E. GEN. Surasak Karnjanarat မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ-၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ထိုင်းနိုင်ငံ သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီး H.E. GEN. Surasak Karnjanarat နှင့်အဖွဲ့အား ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့် ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား တောမီးကြောင့် ဖြစ်ပေါ်သည့် မီးခိုမြူငွေ့ ကင်းရှင်းရေး အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စောင့်ကြည့် လေ့လာမှု၊ အသိပညာပေးမှုတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ လေထု တိုင်းတာသည့် စက်များဖြင့် ဆောင်ရွက်မှုများ၊ သဘာဝအလျောက်နှင့် လူတို့ကြောင့် လောင်ကျွမ်းသည့် တောမီးငြိမ်းသတ်ခြင်း ကြိုတင်လေ့ကျင့်မည့်အစီအမံများ၊ နယ်စပ်မီးတား လမ်း များဖောက်လုပ်ခြင်းနှင့် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ တောင်တန်းနှင့် သစ်တောများ အတွင်း နေထိုင်သူများအား ရွှေ့ပြောင်းတောင်ယာပပျောက်ရေး နှင့် သစ်တော ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ နှစ်နိုင်ငံအကြား သစ်တော နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရန် ဥယျာဉ် တည်ထောင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံအကြား နေထိုင် ကျက်စားသည့် မျိုးဆက် ပျက်သုဉ်းလုဆဲ တိရစ္ဆာန်များ မျိုးမသုဉ်းရန် ထိန်းသိမ်းရေး၊ တိရစ္ဆာန် ဥယျာဉ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ တိရစ္ဆာန်လဲလှယ်ရေးနှင့် မြန်မာနှင့်ထိုင်းနိုင်ငံရှိ တိရစ္ဆာန် မျိုးစိတ်များ မျိုးဆက်ပြန့်ပွားရေး သားဖောက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်ရန်အတွက် ပုလဲမွေးမြူရေး စခန်းများ၊ ဥယျာဉ်များ၊ သဘာဝသစ်တောကြိုးဝိုင်းများ စသည့် ခရီးစဉ်ဒေသများ တိုးချဲ့ ဆောင်ရွက်ရန် အစီအစဉ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။


နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများသည် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထပ်မံညှိနှိုင်းဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment