Thursday, September 15, 2016

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့်ထွက်ခွာ


ရန်ကုန် - စက်တင်ဘာ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အူယူမူချီ(Urumqi)မြို့၌ ကျင်းပမည့် တတိယအကြိမ်မြောက် ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး
(  The Third Forum of Ministers Responsible for Information)နှင့် ပဉ္စမအကြိမ်မြောက် တရုတ်-ဥရောပ အာရှ ကုန်စည်ပြပွဲ (The Fifth China-Eurasia Expo) သို့တက်ရောက်ရန်   ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင်  လေကြောင်းခရီးဖြင့် ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Chen Chen နှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
တတိယအကြိမ်မြောက် ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်တွင်   Silk Road: Connection Eurasia and Deepening Friendly Exchange among News Media ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပဉ္စမအကြိမ်မြောက် တရုတ်-ဥရောပ အာရှ ကုန်စည်ပြပွဲကို စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာ တို့လိုက်ပါသွား ကြောင်း သိရသည်။ 

No comments:

Post a Comment