Sunday, September 18, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Harvard Foundation 2016 Humanitarian of the Year Award လက်ခံရယူ


ဘော်စတွန် စက်တင်ဘာ  ၁၈ 

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ Harvard University ၏ Harvard Foundation မှ ချီးမြှင့်သည့် Harvard Foundation 2016 Humanitarian of the Year ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Harvard University, Science Centre ၌ ကျင်းပသည်။


အခမ်းအနားတွင် Harvard Foundation ၏ Director ဖြစ်သူ Dr. S. Allen . Counter က 2016 Humanitarian of the Year ဆုကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ချီးမြှင့်ပေးအပ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်  ထူးချွန်ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။




No comments:

Post a Comment