Monday, September 19, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ

နယူးယောက် စက်တင်ဘာ ၁၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက်ပိုင်းတွင်  နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ  မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေအိမ်၌  မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ၀န်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ 

No comments:

Post a Comment