Friday, September 9, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General XuQiliang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



ရန်ကုန် စက်တင်ဘာ ၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Xu Qiliang နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ လက်ခံ တွေ့ဆုံသည်။



တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်များ ဆက်ဆံရေး တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် လာရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာစေကြောင်း၊ ၎င်းအနေဖြင့် လည်း ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာစေလို၍ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှင့် ပြည်သူများ ထိတွေ့မှုကိုလည်း အလေး ထားပါကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment