Saturday, September 10, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်၊ အမေရိကန် တရားဝင်ခရီးစဉ် နှင့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာ


ရန်ကုန် စက်တင်ဘာ ၁၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ လန်ဒန်မြို့ခရီးစဉ်၊ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည့်


တရားဝင် ခရီးစဉ်နှင့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ယနေ့နံနက် (၉)နာရီ မိနစ်(၅၀)တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယသံအမတ်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန် ရှိသူများ လိုက်ပါသွားကြသည်။ 

No comments:

Post a Comment