Monday, September 26, 2016

နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ  ၂၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် The Centre for Humanitarian Dialogue (HD) အဖွဲ့မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Adam Cooper နှင့်အဖွဲ့အား ယနေ့ ညနေ(၃)နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။



တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိ ဆောင်ရွက်နေမှုများ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် HD အဖွဲ့မှ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment