Friday, September 16, 2016

မြန်မာ့စီးပွားရေးဘဏ်များမှ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၆
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ် ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း (၂၂၄) ဘဏ်သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ် လီမိတက်၊ Myanmar Mobile Money (MMM) တို့နှင့် ပူးပေါင်း၍ ဝန်ဆောင်မှု ပေးလျက်ရှိသည်။ မြို့ပြနှင့် ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် MPT, MECTel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှု ချိတ်ဆက်ထားခြင်းဖြင့် မည်သည့်ဖုန်းအမျိုးအစားနှင့်မဆို မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုကို ချိတ်ဆက်ထားခြင်းဖြင့် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခ ငွေဖြည့် တင်းခြင်း၊ အငြိမ်းစားများသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရန် (Standing Instruction) ညွှန်ကြားချက် ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ် လာရောက်ရန် မလိုဘဲ ကိုယ်တိုင်အငြိမ်းစား လစာဖြစ်ပါက (၆) လ တစ်ကြိမ်၊ မိသားစု အငြိမ်းစား လစာ ဖြစ်ပါက (၃) လ တစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့ လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေး ဘဏ် (သို့မဟုတ်) MMM မှ ခန့်အပ်ထားသော နီးစပ်ရာ ပြင်ပအေးဂျင့်များတွင် အငြိမ်းစား လစာကို ရိုးရှင်းလွယ်ကူစွာ ထုတ်ယူနိုင်ခြင်း၊ မိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်း တို့ကို မြို့ပြ၊ ကျေးလက် ဒေသအထိ မြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်

No comments:

Post a Comment