Wednesday, September 14, 2016

လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၂ ရက်မြောက် နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာဇော်ဝင်းမြင့်၊ စဥ့်ကူးမဲဆန္ဒနယ်၏ မိတ်ဆွေလေးဦး၊ ဦးမျိုးနိုင် ချမ်းအေး သာဇံမဲဆန္ဒနယ်၏ မိတ်ဆွေ လေးဦး၊ ဦးငြိမ်းသစ် မဟာအောင်မြေမဲဆန္ဒနယ်၏ မိတ်ဆွေငါးဦး၊ ဒေါက်တာ သန်းဝင်း မြောက်ဥက္ကလာပမဲဆန္ဒနယ်၏ မိတ်ဆွေတစ်ဦး၊ ဦးဇာနည်မင်း ရွှေကူမဲဆန္ဒနယ်၏ မိတ်ဆွေ တစ်ဦး၊ ဦးစောသန်းထွဋ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မိတ်ဆွေ ၉၆ ဦး၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ ပြည်တွင်း ပြည်ပ အလုပ်သမား ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး ၏ မိတ်ဆွေ ၂၉ ဦး၊ NGOs Child Right Working Group (NCRWG)မှ အဖွဲ့ဝင် ၄၇ ဦး၊ အမျိုးသား လွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထူး၏ မိတ်ဆွေလေးဦး စုစုပေါင်း (၁၉၀)ဦး တို့သည် ယနေ့ နံနက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် လွှတ်တော်အဆောက်အအုံများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

No comments:

Post a Comment