Monday, September 5, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆)ရက်ေ မြာက်နေ့ကျင်းပ


နေပြည်တော် စက်တင်ဘာ ၅
ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး (၂၆) ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင် နှင့်ဒေါက်တာအောင်သူ တို့က မေးခွန်း ၁၂ ခု ကို ရှင်းလင်းဖြေ ကြားကြသည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် ၏ နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ကုန်ကျခဲ့သော ပုံညာရထား ဥမင်ကြီးအား ကားဥမင်အဖြစ်အသုံးပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အစီအစဉ် ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အရှည်ပေ ၅၆၁၀ ရှိ ရထားလမ်းဥမင်ကို ကားလမ်းဥမင်အ ဖြစ်အသုံးပြုမည်ဆိုပါက  ဥမင်အတွင်း ယာဉ်တစ်စီးသာသွားလာနိုင်ခြင်း၊ အသွား/ အပြန်ယာဉ် နှစ်စီးယှဉ်မောင်း၍မရခြင်း၊ တစ်ဘက်မှယာဉ်သွားနေပါက တစ်ဘက်ရှိ ယာဉ်များရပ်တန့်ပေးရမည်ဖြစ်ခြင်း၊ အပြန်အလှန်သွား၍ မရခြင်း၊ စနစ်တကျတင် ဆောင်ခြင်းမရှိသည့် ကုန်ပစ္စည်းတင်ယာဉ်များ အတွက်အန္တရာယ်ရှိခြင်း၊ ဥမင်အတွင်း ယာဉ်မတော်တဆဖြစ်ပါက ကရိန်းများဝင်ရောက်ဆောင်ရွက်ရန်ခက်ခဲခြင်း၊ အရှေ့ဘက် ဥမင်အ၀မှ လက်ရှိ ကားလမ်းနေရာသို့လည်းကောင်း၊ အနောက်ဘက် ဥမင်အ၀မှ လက်ရှိကား လမ်းနေရာ သို့လည်းကောင်း ကားလမ်းအသစ်ဖောက်လုပ် ရန် တံတားများဆောက်လုပ် ရမည့်ပမာဏများပြားခြင်း၊ ဥမင်အတက်အဆင်းလမ်း မှာအန္တရာယ်များသည့် လမ်းဖြစ်ခြင်းနှင့်  ရထားလမ်းဥမင်နှင့် ကားလမ်းဥမင် ဒီဇိုင်း ပုံစံသဘောသဘာဝမတူညီခြင်း တို့ကိုတွေ့ရပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနက သဘော တူလွှဲပြောင်းရယူဆောင်ရွက်မည်ဆိုပါက လွှဲပြောင်းပေးရေးကို ကန့်ကွက်ရန်မရှိပါကြောင်း ဖြေကြားသည်။
တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်၏ ငမိုးရိပ် ချောင်းအတွင်း ကုမ္ပဏီတစ်ခုမှ ပိုင်ရိုက်ကာရေစီးကြောင်း ပြောင်းစေပြီး ကမ်းနံရံချဲ့နေခြင်းကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်း ရေရှည်ထိန်းသိမ်း ခြင်းအတွက် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆာကူရာထရိတ် စင်တာကုမ္ပဏီလီမိတက်သည် မြေ ၈ ဒသမ ၉၉ ဧက ပေါ်တွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိ ထား သော်လည်း ကမ်းထိန်းလုပ်ငန်း များဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ သဘောထား မှတ်ချက်နှင့် နည်းပညာအကူအညီများတောင်းခံခြင်းမရှိသဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ထိန်းသိမ်းရေးဥပဒေဖြင့် တရားစွဲဆိုထားပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှစ တင်၍ ကမ်းပြိုကမ်းစားမှုဖြစ်ပေါ်စေသော ငမိုးရိပ်ချောင်းမြစ်ကွေ့ ၂၅ ခု  ပြုပြင်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ် အလိုက်ရန်ပုံငွေ ရရှိမှုပေါ်မူတည်ဆောင်ရွက် သွား မည်ဖြစ်ကြောင်းနှင့် ငမိုးရိပ်ချောင်းဖွံ့ဖြိုးရေး ရေရှည်အစီအမံများရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း ၏ ကျောက်တော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်စေသည့် ရထားလမ်း၊ ကာလမ်းများအား ပြန်လည်စိစစ်ပြီး ရေစီးရေလာကောင်း မွန်အောင်ပြန် လည်ပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကျောက်တော်မြို့နယ်အတွင်း သာမက အခြားမြို့နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရာတွင်ပါဝင်သည့် ရထားလမ်း၊ ကာလမ်းနေရာများကို ပြန်လည်စိစစ်ပြီး လိုအပ်သည့်နေရာများတွင် Box Culvert များတိုးချဲ့ တည်ဆောက်ခြင်း၊ Box Culvert အသစ်များ ထပ်မံတည်ဆောက်ခြင်း၊ တံတားများတိုးချဲ့ တည်ဆောက် ခြင်း၊ တံတားနှင့် ရေပြွန်များ၏ ချဉ်းကပ်လမ်းများ တွင် ရေကာ၊ မြေကာနံရံများတည် ဆောက်ခြင်း၊ တံတားမှ ချောင်းအထက်ဘက် ( Up Stream )၊ ချောင်းကြမ်းပြင်( Bed Level )၊ ချောင်းအောက်ဘက်(  Down Stream ) တို့တွင် ရေစီးရေလာကောင်းမွန်စေရန် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လိုအပ်ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိ ပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေ ကြားသည်။
သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဥာဏ်ဟိန်း ၏ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေး ရွာ၌ ပုံစံ (၇) အရလယ်သမား (၁၃၂) ဦး ၊ လယ်မြေ( ၁၇၆၈ )ဧက ရှိပြီး စိုက်ပျိုး စရိတ်ချေးငွေ (၁၄၁၉)သိန်း မထုတ်ပေးနိုင်မှု အပေါ်မည်သူ့ဌာန၊ ပုဂ္ဂိုလ်များ၌ တာဝန် ရှိပြီး မည်သို့အရေးယူမည်နှင့် နောင်ကာလများတွင် မည်သို့စီမံ ဆောင်ရွက်မည်ကို သိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးရန် မြန်မာလယ် ယာ ဖွံ့ဖြိုးရေးဘဏ်၌ ရင်းနှီးငွေလုံလောက်မှုမရှိ သည့်အပြင် ငွေကြေးရရှိရေးကို အဆင့်ဆင့် ဆောင် ရွက်နေရသဖြင့် တောင်သူများ သို့ချေးငွေထုတ်ချေးရာတွင် ကြန့်ကြာမှုရှိတတ် ပါကြောင်း၊ ၀န်ထမ်းများပေါ့လျော့မှု နှင့်လွဲချော်မှုကြောင့်မဟုတ်ပါကြောင်း၊  လက်ရှိဝန်ထမ်းအင်အားမလုံလောက်မှု သည်လည်းချေးငွေထုတ်ချေးခြင်းကို ကြန့်ကြာမှုဖြစ်ရပါကြောင်း၊ လုပ်ငန်းများ သွက်လက်မြန်ဆန်ချော မွေ့စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်သို့ထား ရှိရန်စီမံဆောင်ရွက်နေပါကြောင်း ဖြေကြား သည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး ၏ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိထားသောတောင်သူလယ်သမား များအား အချိန်မီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပဲခူးတိုင်းဒေသကြီး အတွက် ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ခွင့်ပြုရန်ပုံငွေမှာ ကျပ် (၃၃၆၄၉၇ ဒသမ ၂၇) သန်း ဖြစ်သည့်အတွက် ယခင်နှစ် ချေးငွေထက် ကျပ် (၁၆၂၇၀ ဒသမ ၈၅) သန်းပိုမိုခွင့်ပြုထားပါကြောင်း၊ (ပုံစံ-ရ) အမည်ပေါက်လက်ဝယ်ရှိပြီး ကြွေးကျန်မရှိသူ များဖြစ်ပါက ယခင်နှစ်ငွေမချေးသည့် လူအသစ်များ ကိုလည်း သတ်မှတ်စည်းကမ်း ချက်များနှင့်အညီချေးငွေထုတ်ချေးပေး လျှက်ရှိပါကြောင်း၊ ဘဏ်ချေးငွေ ညွှန်ကြား စာအရ ငွေချေးသည့်နေ့တွင် ငွေချေးယူ သူသည် လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို ဘဏ်သို့ပြသရန် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ဘဏ်ချေးငွေယူမည့်သူသည် သမ၀ါယမဌာနမှ လယ်ယာသုံးစက်ကိရိယာများ ၀ယ်ယူထားလျှင် (ပုံစံ-၇) မူရင်းကို အာမခံအဖြစ် တင်သွင်းထားသည့် အတွက် ချေးငွေထုတ်ပေးခြင်းကို မြို့နယ်သမ၀ါယမဦးစီးအရာရှိ၏ ထောက်ခံချက်နှင့် (ပုံစံ-၇)မိတ္တူတို့ဖြင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး ပေးလျက်ရှိကြောင်းဖြေကြားသည်။
သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး ၏ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာ အုပ်စု၊ စိုက်ပျိုးရေးကျေးရွာပိုင် မြေနေရာကို ၀န်ကြီးဌာနပိုင်မြေအဖြစ်မှ စွန့်လွှတ်ပြီး ကျေးရွာပိုင်မြေနေရာအဖြစ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လွှတ်တော်ကိုယ်စား လှယ်တင်ပြ သည့် မြေနေရာကို ယခုအချိန်တွင် စွန့်လွှတ်ခြင်းမပြုနိုင်သေးသော်လည်း လာမည့် ကာလတွင် နိုင်ငံတစ်ခုလုံးအတွက် ခြုံငုံစဉ်းစား၍ သင့်လျော်သောမူဝါဒများချမှတ် နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းမူဝါဒများချမှတ်ပြီးပါက လက်ရှိနေထိုင်သူများ အတွက် သင့်လျော်သည့် အခြေအနေကောင်းတစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်းဖြေကြားသည်။ 


No comments:

Post a Comment