Monday, September 5, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ  ၅
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  နှစ်နိုင်ငံချစ်ကြည်ရေး၊ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး၊ နန်နင်းမြို့တွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံပြပွဲသို့ တက်ရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင် တင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment