Tuesday, September 20, 2016

နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ပြည်တွင်းအဆင့် ဆုအသီးသီးဆွတ်ခူး

နေပြည်တော် စက်တင်ဘာ ၁၉
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အထိမ်းအမှတ် အဖြစ် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) တို့၏ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အဖြစ် အသက် ၁၅ နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကျင်းပပေးခဲ့သည်။

Write a letter to your 45-year-old self” ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်းအဆင့် အင်္ဂလိပ်ဘာသာဖြင့် ပေးစာရေးပြိုင်ပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၃-၁-၂၀၁၆ ရက်က မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျင်းပပေးခဲ့သည်။

ပြည်တွင်းအဆင့် ပထမဆုကို ရခိုင်ပြည်နယ် အထက(၂)စစ်တွေ အဋ္ဌမတန်းမှ မောင်ကောင်းထက်စိုးက ဆွတ်ခူးရရှိသည်။ နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ပထမဆုရှင် မောင်ကောင်းထက်စိုး၏ ပေးစာရေး စာမူကို ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ်သို့ ဆက်လက်ပေးပို့၍ နိုင်ငံတကာအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင် ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment