Tuesday, September 20, 2016

လူငယ်မူဝါဒ ပူးပေါင်းရေးဆွဲလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၉

မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ပေါက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူငယ်များနှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည်။ မြန်မာနိုင်ငံ လူငယ်မူဝါဒတွင် လူငယ်များကိုယ်တိုင် ပါဝင်နိုင်ရေးအတွက် လူငယ်ကိုယ်စားလှယ်များ
ရွေးချယ်နိုင်ရန်နှင့် လူငယ်များ၏အသံများ ပါဝင်စေရန်အတွက် လူငယ်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ လူငယ်ဖိုရမ်များကို လူငယ်များက တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ လူငယ်မူဝါဒပေါ်ပေါက် လာရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များအားလုံးက ပူးပေါင်း ပါဝင်ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment