Tuesday, September 20, 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး (၆/၂၀၁၆) ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉
(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီအစည်းအဝေး (၆/၂၀၁၆) ကို ပြည်ထောင်စု လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ ညနေ ၄ နာရီတွင် ကျင်းပသည်။ အစည်းအဝေးသို့ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးတီခွန်မြတ်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်စုစုလွင်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဇော်သိန်းနှင့် ဦးစီးကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အစည်းအဝေးဆိုင်ရာ လုပ်ငန်း ကော်မတီများ၊ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီများက လိုအပ်သည်များ ဆွေးနွေးဆုံးဖြတ်ကြသည်။ ထို့နောက် အာဆီယံ ပါလီမန်များ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားသည်။

No comments:

Post a Comment