Friday, September 9, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေရိကန်သို့ ချစ်ကြည်ရေးခရီးသွားမည်

နေပြည်တော် စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့လည်း တက်ရောက်မည်ဖြစ်သည်။


အမေရိကန်ပြည်ထောင်စုသို့အသွားခရီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥရောပဒေသ၊ အရှေ့အလယ်ပိုင်း ဒေသအခြေစိုက် မြန်မာသံအမတ်ကြီးများနှင့်တွေ့ဆုံရန်နှင့် ဗြိတိန်နိုင်ငံအစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံမှု ပြုလုပ်ရန် ဗြိတိန်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။

No comments:

Post a Comment