Friday, September 9, 2016

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပျဉ်းမနားမြို့နယ်ရှိ ကလေး စာဖတ်ခန်းအား ကြည့်ရှုအားပေး



နေပြည်တော် စက်တင်ဘာလ ၉
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေး စာဖတ်ခန်း၌ ကလေးငယ်များ ပန်းချီရေးဆွဲနေမှုကို  ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုဝန်ကြီးက ကလေး စာဖတ်ခန်းကို ကလေးငယ်များ လွတ်လပ်စွာ အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်၊ ပန်းချီ ရေးဆွဲခြင်း အပြင် ကဗျာစာပေကိုလည်း ကလေးငယ်များ ကိုယ်တိုင်ရေးသားပြီး ပြဘုတ်တွင် ကပ်ထားနိုင်ရေး ဆောင်ရွက်ထားရှိရန်၊ ရေးသားထားသည့် ကလေးများ အမည်စာရင်းကိုလည်း  မာတိကာတွင် ထည့်သွင်း၍ ပြဘုတ်တွင် ကပ်ထားပေးရန်၊ ကလေးစာဖတ်ခန်း ရှင်သန်လှုပ်ရှားနေမှု အခြေအနေများကို အခြေခံပညာ ကျောင်းများရှိ ကျောင်းစာကြည့်တိုက် တာဝန်ခံများအား ပြသပေးရန်၊ NGO အဖွဲ့အစည်းများအား ဖိတ်ခေါ်၍ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းများ ဆောင်ရွက်ကာ ပြည်သူ့ စာကြည့်တိုက်အား Community Center အဖြစ် တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများက မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပျဉ်းမနားမြို့နယ်ရှိ (ရုံးချုပ်) သင်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ပုံပြင်နှင့် တီထွင်ဖန်တီးမှု အနုပညာသင်တန်း (၁/၂၀၁၆) သင်ကြားပို့ချနေမှု အခြေအနေကို ကြည့်ရှုပြီး သင်တန်း တက်ရောက်နေကြသည့် ၀န်ထမ်းများအား သင်တန်းတွင် ပို့ချပေးမှုအပြင် ကိုယ်ပိုင် စိတ်ကူးများဖြင့်လည်း ပုံဖော်၍ တီထွင် ကြံဆကာ ပြန်လည် ပြောဆိုခြင်း၊ ရေးသားခြင်းများကို ကြိုးစား ဆောင်ရွက်ကြရန် မှာကြားကာ သင်တန်းသားများ ကိုယ်တိုင် ရေးဆွဲ ဖန်တီးထားရှိသည့် ရုပ်ပုံများကို ကြည့်ရှု အားပေးသည်။

No comments:

Post a Comment