Thursday, September 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား




ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်ဂိုလီးယားနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Lundeg PUREVSUREN နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ကုလသမဂ္ဂဌာနချုပ် အဆောက်အဦ၌ တွေ့ဆုံကာ နှစ်နိုင်ငံမူဝါဒဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားပြီး မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်သည်။
အဆိုပါ Asia Society သို့ ဖိတ်ကြားထားသူများနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပညာရှင်များ၊ နိုင်ငံရေးသိပ္ပံပညာရှင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊  နယူးယောက် မြို့မှ စိတ်ပါဝင်စားသူဒေသခံများနှင့် ကျောင်းသားကျောင်းသူများ   တက်ရောက်ခဲ့ သည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Asia Society က တည်ခင်း သည့် ညစာစားပွဲသို့ တက်ရောက်သည်။ 

No comments:

Post a Comment