Thursday, September 15, 2016

နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သမ္မတ မစ္စတာ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေး


ဝါရှင်တန် စက်တင်ဘာ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည် ထောင်စုသမ္မတ မစ္စတာ အိုဘားမားတို့သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ၀ါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မစ္စတာ အိုဘားမားက မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အောင်မြင်စွာ အသွင်ကူးပြောင်းမှု၊ အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်းမှု တို့ကြောင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည် ရုတ်သိမ်းပြီး မြန်မာနိုင်ငံအား GSP အခွင့်အရေး ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း ၊ မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်သွားနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ရေးအတွက် အကူအညီများ ပေးအပ်ခဲ့သည့် အမေရိကန်ပြည်သူများ၊ ကွန်ဂရက်နှင့် NGO များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း ပြန်လည်ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန် ဒုတိယသမ္မတ မစ္စတာ ဂျိုး ဘိုင်ဒင်က Naval Observatory ၌ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး  နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အလားတူ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ  ဂျွန်ကယ်ရီကလည်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား Blair House  ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး  နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမေရိကန် အထက် လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Ed Royce နှင့် Rayburn House Building  တွင် တွေ့ဆုံကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံကို သွားရောက်လေ့လာကြသည်။

ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၌ သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment