Thursday, September 29, 2016

မြန်မာ-တရုတ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ပဉ္စမအကြိမ် ဝန်ကြီးအဆင့် စည်းဝေး


နေပြည်တော် စက်တင်ဘာ ၂၈
မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာ ပဉမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီတွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ‘ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ကောင်းရှန်ခွင်နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ် များ တက်ရောက်သည်။

အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးများက အဖွင့်အမှာ စကားများ ပြောကြားကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လျက်ရှိသော နယ်စပ် ဒေသထိန်းချုပ်ရေး စီမံခန့်ခွဲမှုနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ မဲခေါင်မြစ်ကြောင်းတရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆိုက်ဘာကွန်ရက်တွင် ကျူးလွန်သောပြစ်မှုများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ ၂ဝ၁၆-၂ဝ၁၇ ကာလအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုများတွင် စွမ်းရည်မြှင့်တင်ရေး ကဏ္ဍ အတွက် လေ့ကျင့်သင်တန်းပေးရေး၊ သဘာဝ သယံဇာတအရင်း အမြစ်များ ကာကွယ်စောင့်ရှောက်ရေးတို့တွင် တရုတ်နိုင်ငံအစိုးရမှ ပူးပေါင်းဆောင်ရွက်ပေးရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment