Wednesday, September 28, 2016

နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် သတင်းဖလှယ်ရယူမှု အပါအဝင် ပူးပေါင်း ဆောင်ရွက် မှုတိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင် စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာကောင်းရှန်ခွင်နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို ထိခိုက်စေသည့်၊ တရားမဝင်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို တားဆီး ကာကွယ်ရေး၊ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အပြန်အလှန်သတင်းဖလှယ် ရယူမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

No comments:

Post a Comment