Thursday, September 8, 2016

မြန်မာနိုင်ငံ၏ စနစ်ကျသော အပင်ကျန်းမာသန်စွမ်းရေး မဟာဗျူဟာဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံ၏ စနစ်ကျသော အပင်ကျန်းမာသန်စွမ်းရေး မဟာဗျူဟာသည် စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အစီအစဉ် စွမ်းဆောင်ရည်ကိုပြည်တွင်း၌ ရေရှည် တည်တံ့ ခိုင်မြဲသော အပင်ကျန်းမာရေး နည်းစနစ်များဖြင့် ထူထောင်၍ ကျန်းမာရေးအရ လုံခြုံစိတ်ချသော အစာများနှင့် စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းအုပ်စုအဖြစ် တိုးတက် ဖြန့်ဝေရန် အားပေးလျက်ရှိသည်။ အပင်ကျန်းမာရေးဆိုင်ရာ စီမံကိန်းအစီအစဉ်ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် မူကြမ်းရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ စနစ်ကျသော အပင်ကျန်းမာသန်စွမ်းရေး မဟာဗျူဟာကို စက်တင်ဘာ ၈ ရက်တွင် အတည်ပြုရေးဆွဲပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက် စေခြင်း၊ တောင်သူများဝင်ငွေ တိုးတက်စေခြင်း၊ နိုင်ငံတကာယှဉ်ပြိုင်မှုများဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍ တိုးတက်လာစေမည်ဖြစ်သည်။

ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ အမရာဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ စနစ်ကျသော အပင်ကျန်းမာသန်စွမ်းရေး မဟာဗျူဟာဆိုင်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း တက်ရောက်၍ လက်ရှိကာလတွင် တောင်သူများ ရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများကို စိုက်ပျိုးနည်းပညာပေးပညာရှင်များနှင့် ဝန်ထမ်းများဖြင့် အပင်ကျန်းမာရေးဆိုင်ရာ ဆေးခန်းများဖွင့်လှစ်ပြီး စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အခက်အခဲများအား စီမံဖြေရှင်းပေးရန် လိုအပ်ကြောင်း၊စီမံကိန်းနေရာများဖြစ်သည့် ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် အပင်ကျန်းမာရေး ဆေးခန်းများဖွင့်လှစ်ပြီး အပင်ရောဂါပိုးမွှားဆိုင်ရာ ဆရာဝန်များဖြင့် စနစ်တကျဆောင်ရွက်ကြခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာ စေမည်ဖြစ်ပြီး တောင်သူတို့၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အစည်းအ‌ဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ INGO/ NGO များ တက်ရောက်ကြသည်။

No comments:

Post a Comment