Friday, September 16, 2016

၂၀၁၆ ခုနှစ်၊ အဌမအကြိမ်မြောက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆
၂၀၁၆ခုနှစ် အဌမအကြိမ်မြောက် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်နေ့ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် နံနက် (၈) နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ရာ အမျိုးသားဆီမီး ဖိုင်နယ် ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ဗဟိုဘဏ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗဟိုဘဏ်အသင်းမှ (၂၃-၂၅)၊ (၂၅-၁၅)၊ (၂၅-၂၀)၊ (၂၅-၁၉) မှတ်ရရှိကာ (၃)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊  ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ (၂၅-၂၃)၊ (၂၅-၁၉)၊ (၂၅-၂၂) မှတ်ရရှိကာ(၃)ပွဲ ပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။


နေ့လည်ပိုင်း (အမျိုးသမီး) ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ (၂၅-၁၂)၊ (၂၅-၈)၊ (၂၅-၁၅)မှတ်ရရှိကာ (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအသင်းမှ (၂၅-၅)၊ (၂၅-၈)၊ (၂၅-၁၁) မှတ်ရရှိကာ (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။    ၎င်းဘော်လီဘောပြိုင်ပွဲ၏ စက်တင်ဘာလ (၁၇)ရက်နေ့ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ အမျိုးသားတတိယလုပွဲအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းတို့သည် နံနက် (၈) နာရီအချိန်တွင်လည်းကောင်း၊ အမျိုးသမီး တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာန အသင်းတို့သည် နံနက် (၉) နာရီ အချိန်တွင်လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်သဖြင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

No comments:

Post a Comment