Thursday, September 8, 2016

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာနှင့် အဖွဲ့အားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၈
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသ ပတ်ဝန်းကျင် ကောင်းမွန်ရေးနည်းပညာ ပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံလူ့စွမ်းအား အရင်းအမြစ်ပျိုးထောင်ရေးနှင့် နည်းပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်မည့် အောင်ဆန်း ကျောင်းစီမံကိန်းသည် အဓိကအရေးကြီးသော ကိစ္စဖြစ်သည့်အတွက် ODA လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး မြန်မာ အစိုးရအနေဖြင့် ပထမဦးစားပေးစီမံကိန်း တစ်ခုအဖြစ် ထားရှိပေးစေလိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

No comments:

Post a Comment