Friday, September 23, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

  နယူးယောက် စက်တင်ဘာ ၂၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် CNN သတင်းဌာနမှ GPS Editorial Producer, Mr. Fareed Zakaria နှင့် နယူးယောက်ခ်မြို့ရှိ မြန်မာအဖွဲ့ရုံး၌ တွေ့ဆုံပြီး မေးမြန်း ချက်များကို ဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာအမြဲတမ်း ကိုယ်စား လှယ်အဖွဲ့ရုံး၌ World Economic Forum မှ Executive Chairman ဖြစ်သူ Prof. Klaus Schwab နှင့် တွေ့ဆုံကာ လာမည့်နှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ၊ ဒါဗို့စ်မြို့တွင် ကျင်းပမည့် World Economic Forum အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  ကိစ္စရပ်များအား မူဘောင်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Founder and Chairman of Open Society မှ မစ္စတာ ဂျော့ခ်ျ ဆိုးရော့စ်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr.Zeid Ra'ad Al Hussein နှင့် တွေ့ဆုံဆွေးနွေးသည်။

No comments:

Post a Comment