Friday, September 23, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၃
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Mohammad Suflur Rahman အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာများ၊ နှစ်နိုင်ငံ နယ်စပ် ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် နှစ်ရပ် အပြန်အလှန်သတင်းဖလှယ်ရယူရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် လက်နက်ကိုင်သောင်းကျန်းသူများ ပါဝင်ပတ်သက်နေမှုများကို ပူးပေါင်းတားဆီးကာကွယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်သည့် လမ်းပန်းဆက်သွယ်မှုအပါအ၀င် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Brigadier General Md. Mahbubul Haque တို့ တက်ရောက်ကြသည်။

No comments:

Post a Comment