Friday, September 9, 2016

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ လုံခြုံရေးဆိုင်ရာ 2016 ROK Army International Conference သို့ တက်ရောက်



နေပြည်တော်၊   စက်တင်ဘာ- ၉
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကိုးရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ  Kintex ၌ ကျင်းပလျက် ရှိသည့် Defence Expo Korea 2016 ပြပွဲ၌ စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ကျင်းပသည့် 2016 ROK Army International Conference အခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် Roles of the Ground Forces and International Cooperation to Encounter Future  Asymmetric  Threats ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီပြခန်းများမှ ခင်းကျင်း ပြသထားသည့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကိုရီးယား တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jung Jun-kyu မှ တည်ခင်း ဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်၍ နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည်  ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဆိုးလ်မြို့ရှိ စစ်သမိုင်း ပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ခင်းကျင်းပြသ ထားမှုများအား လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။ (မြ၀တီ)

No comments:

Post a Comment