Friday, September 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အာဆီယံ ပါလီမန်များ အစည်းအရုံးအတွင်းရေးမှူးချုပ်တို့ အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊  ဒုတိယ ဥက္ကဋ္ဌများနှင့် အာဆီယံပါလီမန်များ အစည်းအရုံး အတွင်းရေးမှူးချုပ်တို့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် (၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ကိစ္စရပ် များနှင့် အာဆီယံ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment