Friday, September 30, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာ မူရတ်ရာဘုစ်အက်တိစ် အား  ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်မှုတိုးမြင့်ဆောင်ရွက်ခဲ့မှု အခြေ အနေများကို ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

No comments:

Post a Comment