Wednesday, September 7, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နိုင်ငံတကာနည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်


နေပြည်တော် စက်တင်ဘာ 
နိုင်ငံတကာနည်းပညာပြပွဲ (International Technology & Industry Show) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ Myanmar Promotional Services ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်နှင့် Farmer Choice Tractor ကုမ္ပဏီဒါရိုက်တာဦးနိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြ သည်။
ယင်းနောက် ဒုတိယသမ္မတသည် နိုင်ငံတကာနည်းပညာပြပွဲ၌ ခင်းကျင်းပြသ ထားသည့် စက်မှုနည်းပညာပြခန်း၊ ဆက်သွယ်ရေးနည်းပညာပြခန်း၊ လုံခြုံရေးနည်း ပညာပြခန်း၊ လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာပြခန်း၊ ဆောက်လုပ်ရေးနည်းပညာပြခန်း၊ ရေကြောင်းသုံးနည်းပညာပြခန်း၊ လေကြောင်းသုံးနည်းပညာပြခန်း၊ လမ်းတံတား ဆောက်လုပ်ရေးနည်းပညာပြခန်း၊ စိုက်ပျိုးရေးနည်းပညာပြခန်း၊ IT နှင့်ဆက်စပ်စ္စည်းပြ ခန်း၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာပြခန်းနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယခုပြပွဲတွင် စက်မှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ အပါအ၀င် ပြည်တွင်းကုမ္ပဏီစုစုပေါင်း ၂၄ ခုမှ  ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်သည်။

အဆိုပါ နိုင်ငံတကာနည်းပညာပြပွဲကို မြန်မာနိုင်ငံ၏ အနာဂတ်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ဖြင့် စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Services ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ၄ ရက်ကြာ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ပြသသွားမည်ဖြစ်သည်။ ပြခန်းများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသရောင်းချပေးမည်ဖြစ်ကြောင်း ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် သိကောင်းစရာများကို စက်တင်ဘာ ၉ ရက်နေ့တွင် Seminar ပြုလုပ်၍ မိတ်ဆက် ရှင်းလင်း ပေးသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ 

No comments:

Post a Comment