Tuesday, September 6, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၂၈)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီ အစည်း အဝေးသို့တက်ရောက်


ဗီယင်ကျန်း  စက်တင်ဘာ ၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် (၂၈)ကြိမ်မြောက်နှင့် (၂၉)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၊ (၂၈)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်း အဝေး၊ အာဆီယံ ပါလီမန်များ ညီလာခံ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၊ အာဆီယံ လူငယ်ကိုယ်စားလှယ်များနှင့်  တွေ့ဆုံပွဲ၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် တွေ့ဆုံပွဲများသို့ တက်ရောက်သည်။


အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းဗဟို ဌာန၌ ကျင်းပသည့် (၂၈)ကြိမ်မြောက်နှင့် (၂၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖွင့်ပွဲအခမ်းအနားနှင့် ထိပ်သီး အစည်း အဝေးများသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများအား အမျိုးသား ကွန်ဗင်းရှင်းဗဟိုဌာန အ၀င်မုခ်ဦး၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊  အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီ ယာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အာဆီယံသီချင်းဖြင့် ဖွင့်လှစ်ပြီး လာအိုရိုးရာ အဆို အကများဖြင့် ကပြသီဆိုဖျော်ဖြေကြသည်။
ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသောင်လွန်း ဆီဆိုလစ်က ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဘိုရာချစ် က အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့်အတူ Launch of the Visit ASEAN @50 Campaign Logo အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
 မွန်းလွဲပိုင်းတွင် (၂၈)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးကို ကျင်းပရာ လာအိုနိုင်ငံ ၀န်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး လာအိုနိုင်ငံသမ္မတက အဖွင့်မိန့်ခွန်းပြောကြားသည်။
အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ များသည် စုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံပေါင်းစည်းဆက် သွယ်ရေးဆိုင်ရာ မဟာစီမံကိန်း(၂၀၂၅)နှင့် အာဆီယံပေါင်းစည်းရေးဆိုင်ရာ ကနဦး လုပ်ငန်းစီမံချက် - ၃ အား စတင်အကောင်အထည်ဖော်ခြင်း အခမ်းအနားနှင့် အာဆီယံ ဒေသတွင်းနှင့် ဒေသပြင်ပရှိ သဘာဝဘေးအန္တရာယ်များကို အာဆီယံအနေဖြင့် တုံ့ပြန် ကာကွယ်ခြင်းဆိုင်ရာ အာဆီယံကြေညာချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနားများသို့ တက်ရောက်ပြီး ကြေညာချက်တွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့အကြီးအကဲများနှင့်အတူ လက်မှတ်ရေးထိုးသည်။
ထို့နောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ လာအိုနိုင်ငံဝန်ကြီးချုပ်က အာဆီယံနိုင်ငံ များမှ  နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့အကြီးအကဲများ လက်မှတ်ရေးထိုးထားသည့် အာဆီ ယံကြေညာချက်ကို အာဆီယံအတွင်းရေးမှူးချုပ်ထံ လွှဲပြောင်း ပေးအပ်သည်။
ညနေပိုင်းတွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊  အစိုးရအဖွဲ့အကြီး အကဲများနှင့် အာဆီယံပါလီမန်များညီလာခံ၏ ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံ လူငယ်များအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီနှင့် တွေ့ဆုံပွဲများကို ပြုလုပ်ရာ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများအား  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Thongloun Sisoulith နှင့် ဇနီးတို့က Don Chan Palace Hotel ၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 

No comments:

Post a Comment