Thursday, September 29, 2016

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံဥက္ကဋ္ဌအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Lake Garden Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


အဆိုပါ ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊  အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment