Thursday, September 29, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုခရီးစဉ်တို့မှ  ပြန်လည် ရောက်ရှိပြီး ခရီးပန်းနွမ်းနယ်မှုကြောင့် ခေတ္တအနားယူလျက်ရှိရာမှ ကျန်းမာရေးကောင်း မွန်သဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ  လေကြောင်း ခရီးဖြင့် ထွက်ခွါလာရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC – 1 ) ၌ ကျင်းပမည့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment